တမာကီ (Tamaki) တွင် ကြင်နာတတ်သော နှလုံးသား တစ်ခု နှင့် တောက်ပသော အနာဂတ် တစ်ခုရှိသည်။
ဂလင်းအင်းနစ် (Glen Innes) ၊ ပန်မြူဝါ (Panmure) နှင့် ပွိုင့်အင်္ဂလန် (Point England) ရပ်ကွက်များကို ပေါင်းပြီး တမာကီ ဟုလူသိများကြသည်။ ထိုလှပသော အောက်ကလန် (Auckland ) ၏ တစ်စိတ်တစ်ဒေသတစ်ခုသည် whenua နှင့် အခိုင်အမာဆက်နွယ်နေသော လူမျိုးစုံပါဝင်သည့် အသိုင်းအဝိုင်းများ၏နေအိမ် ဖြစ်သည်။ လာမည့်နှစ် ၂၀ အတွင်း တမာကီ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေး အစီအစဥ် (Tāmaki regeneration programme) သည် ခောတ်မှီ၍ ကျန်းမာရေးအတွက်ကောင်း သော အိမ် ၁၀၅၀၀၊ အဆင့်မြှင့်ထားသောလမ်း၊ ပန်းခြံ နှင့် မြို့ ၏ အချက်အချာကျ သော နေရာများကို ထိုဒေသများတွင် ဆောက်လုပ်ပေးမည်။ တမာကီဒေသတွင်ရှိသူများ၏ အကျိုးစီးပွားကို မြှင့်တင်ရန်အတွက် နယ်မြေရှိ အဖွဲအစည်းများ၊ ဒေသခံများ၊ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် လဲပူးပေါင်းလုပ်ကိုင်သွားမည်။ ဤသို့ဖြင့် ထိုဒေသတွင် နေထိုင်သူများကြီးပွားတိုးတက် လာ နိုင်မည်ဖြစ်သည်။